Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Friday, June 1, 2012

ကိုသန်းဝန်း ရဲ့ ဖခင်ကြီး ဦးအုန်းစိန် (၉၀)နှစ် အတွက် ရက်လည်ဆွမ်း အလှူ (31. 05.2012)

ကိုသန်းဝင်း + မ၀င်းခိုင်ဖြိုး (သား) မောင်ထက်ပိုင်ဝင်း မိသားစုမှ ကိုသန်းဝင်း ရဲ့ အနန္တဂိုဏ်း ၀င် ကျေးဇူးရှင် ဖခင်ကြီး ဦးအုန်းစိန် အသက် (၉၀) နှစ်အတွက် ရည်စူး၍ (၇) ရက်ပြည့် ရက်လည်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်းနဲ့ ရေစက် သွန်းချ၍ အမျှအတန်းပေးဝေခြင်းတို့ကို ဗုဒ္ဓသာသနရံသီ  အသင်းတိုက်မှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ (၃၁) ရက်နေ့ဟာ လစဉ် (၁၃) ရက်နေ့နဲ့ (၃၁) ရက်နေ့တိုင်း  ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် (မငယ်) မိသားစုမှလည်း (သား) မောင်ဝေယံ ရဲ့ မွေးရက်အဖြစ် ဆွမ်းကပ်လှူနေကြတဲ့ ရက်လည်းဖြစ်နေတဲ့အတွက် အတူတကွ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။
အလှူရှင် မိသားစုများအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ။