Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Saturday, May 12, 2012

ဟန်နီမျိုး ရဲ့ ရက် (၁၀၀) ပြည့် မွေးနေ့အလှူ

နှစ်ဖက်သော မိဘများအား အမှူးထား၍ ကိုမျိုးလင်းအောင် + မလွင်လွင်ထိုက်တို့ရဲ့ သမီးဦးရတနာ မဟန်နီမျိုး  ရက် (၁၀၀) ပြည့် မွေးနေ့မင်္ဂလာနဲ့ ဗုဒ္ဓါဘိသေက ဘုရားအနေ ကဇာတင်ပွဲ ကောင်းမှုမင်္ဂလာ တို့ကို ကိုမျိုးလင်းအောင်တို့ရဲ့ အိမ်ဂေဟာမှာပဲ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ ရှေးဦးစွာ ဘုရားရှင်အား ပန်း သစ်သီး စသည် တို့ကို ပူဇော်ပြီး ဘုရား အနေကဇာတင်ခြင်း ကုသိုလ်မင်္ဂလာကို ပြုလုပ်ပါတယ်။ အဲဒီနောက် သီလဆောက်တည်ခြင်း၊ ပရိတ် တရားများကို  နာယူခြင်း၊ ဗုဒ္ဓသာသနရံသီ အသင်းတိုက် အတွက် သမီးဦး ရတနာ မဟန်နီမျိုး ရဲ့ ရက် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ယူရို (၁၀၀) လှူဒါန်းခြင်း၊ ရေစက်သွန်း ချ  အမျှအတန်းများ ပေးဝေခြင်းတို့ကို ပြုလုပ်ကြကာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

အလှူရှင် မိသားစုများနဲ့ ပရိသတ်များ အားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် သာသနာ ပြုနိုင်ကြပါစေ။