Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, April 29, 2012

ကိုအောင်ကြီးရဲ့ မွေးနေ့အလှူ (၂၉.၀၄.၂၀၁၂)

ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် (သား) မောင်သုတအောင် မိသားစု ရဲ့ မွေးနေ့မင်္ဂလာ ကုသိုလ်အထိမ်း အမှတ်အဖြစ် အရုဏ်မုန့်ဟင်းခါးဆွမ်းနဲ့ အချိုပွဲတို့ကို မွန်မွန်မြတ်ပဲ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး၊ ဧည့်ပရိသတ်များကိုလည်း တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါတယ်။ ဒီနေ့မှာ ရန်ကုန်မြို့၊ ပုလဲမြို့သစ်၊ ချမ်းမြေ့မြိုင် ဓမ္မရိပ်သာမှ ဆရာတော် ဘဒ္ဒန္တဣန္ဒက ဂျာမဏီသို့ ကြွရောက်တဲ့ နေ့နဲ့လည်း တိုက်ဆိုင်နေသဖြင့် အလှူရှင် မိသားစုများနှင့်တကွ ဧည့်ပရိသတ် များ၊ အသင်းသူ၊ အသင်းသားများ ပီတိ ပါမောဇ္ဇ ဖြစ်ကြရပါတယ်။
နေ့ဆွမ်းကိုလည်း လစဉ် (၁၂) ရက်နေ့နဲ့ (၂၉) ရက်နေ့တိုင်း ဆက်ကပ်နေကြတဲ့ ကိုစိုးဝင်းသန်း + မတင်တင်ဝင်း (သမီး) စုစု (သား) ကိုကို မိသားစုမှ ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ ဆရာတော်သည် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ချမ်းမြေ့ရိပ်သာ ဆရာတော် ဘုရားကြီး၏ တပည့်လည်းဖြစ်ပါတယ်။ ဂျာမဏီနိုင်ငံသား၊ ဂျာမဏီလူမျိုး Mr Alic ရဲ့ နုရင်ဘက်မြို့တွင် တရား ဓမ္မ ပြသပေးတော်မူပါရန် ပင့်လျှောက်ထား မှုကြောင့် ပထမဆုံး အကြိမ် ဥရောပသို့ ကြွရောက်တော်မူလာခြင်း လည်း ဖြစ်ပါတယ်။ နေ့ ဆွမ်းနဲ့ အချိုပွဲများ ဘုဉ်းပေးသုံးဆောင် ပြီးနောက် ဆရာတော်ဘုရားထံမှ အလှူရှင်များနဲ့ ဧည့်ပရိသတ်များက သီလခံယူကြပြီး တရားဓမ္မများကို နာယူခဲ့ကြပါတယ်။ အဲဒီနောက် လှူဒါန်းမှု အစုစုတို့ကို   ဝေနေယျ သတ္တ၀ါ အပေါင်းတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြပါတယ်။
မွေးနေ့ရှင်မိသားစုနှင့်တကွ ဧည့်ပရိသတ်များ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ။

 
ကိုအောင်အောင် + မစိမ့်စိမ့်လှိုင် (သား) မောင်သုတအောင် မိသားစု