Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, April 15, 2012

၂၂. ၀၄. ၂၀၁၂ မှာ သင်္ကြန်ပွဲ ကို နွှဲမယ် ရောင်းရင်းတို့


ဗုဒ္ဓသာသနရံသီအသင်း (ဂျာမဏီ) မှ ဦးစီးကျင်းပမည့် အတာသင်္ကြန်ပွဲအား ၂၂. ၀၄. ၂၀၁၂ (တနင်္ဂနွေနေ့) တွင် Frankfurt am Main မြို့ Nied Saalbau ၌ ပျော်ရွှင်စွာ စုပေါင်းကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံသားများအားလုံး လာရောက် ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ ကာရာအိုကေ တေးသီချင်းများ ပျော်ရွှင်စွာ သီဆိုကြရင်း ဗုဒ္ဓသာသနရံသီအသင်း မိသားစုများမှ မြန်မာလူမျိုးများ၏ နှစ်သစ်ကို အလှူဒါနများဖြင့် ကျက်သရေ မင်္ဂလာရှိစွာ ကြိုဆိုကြမည် ဖြစ်ပါသည်။ အတာသင်္ကြန်သို့ လာရောက် ဆင်နွဲကြမည့် မိတ်ဆွေများအားလုံးကို အလှူရှင်များမှ ဖော်ပြပါ အစားအစာများကို ကျွေးမွေး လှူဒါန်းကြမည် ဖြစ်ပါတယ်။

  (၁) မမြသီတာအေး (ကြက်ကင်နှင့်ကောက်ညှင်းပေါင်း)
  (၂) မမိစံ (ကော်ပြန့်ကြော်နှင့် ကော်ဖီ)
  (၃) ဒေါ်သိန်းမြင့်စိုး (ရွှေရင်အေး)
  (၄) မမြစမ်းအေး (ဆိတ်သားပတ်)
  (၅) မစောစန္ဒာလင်း (ခေါက်ဆွဲကြော်)
  (၆) ဒေါ်စောခင်ရီ (ဆီထမင်း)
  (၇) မသန်းသန်းဝင်း (ကြာဇံကြော်)
  (၈) ဒေါ်ခင်ထွေး (တို့ဟူးသုပ်)
  (၉) မတင်တင်ဝင်း  (ရှောက်သီးသုပ်)
(၁၀) မစိမ့်စိမ့်လှိုင်(ရွှေကြည်ဆနွမ်းမကင်း)
(၁၁) မနွယ် (ဆိတ်သားကလီစာ၊ ကြက်သားကုန်းဘောင်ကြီးကြော်၊ ပဲကြီးဆူးပုပ်နှင့် ငံပြာရည်ကြော်၊ သရက်ချဉ်သုပ်) တို့ ဖြစ်ပါတယ်။ နောက်တိုးလာမည့် အလှူရှင်များနှင့် အမျိုးအစားများကိုလည်း ဆက်လက် ဖော်ပြပေးပါမည်။                                                                                                   
ကျင်းပမည့်အချိန်  ။   ။ နံနက် ၁၁ နာရီ မှ ညနေ ၆ နာရီ အထိ၊
ကျင်းပမည့်နေရက်။   ။ ၂၂.၀၄.၂၀၁၂ (တနင်္ဂနွေနေ့)
ကျင်းပမည့်နေရာ ။   ။ SAALBAU Nied
                            Heinrich-Stahl-Straße 3
                            65934 Frankfurt am Main.