လစဉ် ပထမဆုံးဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းမိသားစုများ စုပေါင်း၍ ပဌာန်း တရားတော်များကို ရွတ်ဖတ်ပူဇော်လေ့ရှိပါတယ်။ ပဌာန်းပူဇော်ပွဲကို နေ့လည် ၁း ၃၀ နာရီမှာ စတင်ရွတ်ဖတ် ပူဇော်ခဲ့ကြပါတယ်။ ပဌာန်းတရားတော် ရွတ်ဖတ်ပူဇော်ခြင်း မပြုမီ အသင်းမိသားစုများမှ ဘုရားကန်တော့၍ ငါးပါးသီလ ဆောက်တည်ကျင့်သုံးကြပါတယ်။ အဲဒီနောက် ပဌာန်တရားတော်မြတ်ကို စုပေါင်း၍ ရွတ်ဖတ်ပူဇော်ကြပြီး မေတ္တာပို့သကြကာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတို့ကို ဝေနေယျ သတ္တ၀ါအပေါင်းတို့ အမျှပေးဝေခဲ့ကြပါတယ်။
ဗုဒ္ဓသာသနရံသီ အသင်းတိုက်ရှိ ကြည်ညိုသပ္ပါယ်လှသည့် ဗုဒ္ဓဆင်းတုတော်