Ph.D(Buddhist Philosophy)ဒေါက်တာဘွဲ့ရ အရှင်ပညာဝံသအား
ဂုဏပူဇော်ပွဲ ဖိတ်ကြားခြင်း
မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား
ဖ၇န့်ဖတ်မြို့၊ဗုဒ္ဓသာသနရံသီကျောင်းတွင် သီတင်းသုံးတော်မူသောဆရာတော်ဦးပညာဝံသ သည်
အိန္ဒိယနိုင်ငံ၊မုဘိုင်း(ဘုံဘေမြို့)၊မုဘိုင်းတက္ကသိုလ် Department of Philosophy တွင် Ph.D (Buddhist
Philosophy) ဒေါက်တာဘွဲ့အား ချီးမြှင့်အပ်နှင်းပြီးဖြစ်ပါ၍ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် ဓမ္မပူဇာ၊သံဃပူဇာ၊
ပူဇော်ပွဲသို့ မြန်မာဗုဒ္ဓဘာသာဝင်များနှင့်ဓမ္မမိတ်ဆွေများအား အတူတကွပူးပေါင်း ပါဝင် ဂုဏ်ပြုပူဇော်ပွဲအား
ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ဗုဒ္ဓသာသနရံသီမိသားစု
ကျင်းပမည့်နေ့ရက်။။။။။။။။။။ ၂၅.၀၃.၂၀၁၂ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် ။။။။။။။။။။ နံနက်(၁၀:၀၀ မှ ၁၆:၀၀)နာရီ
ကျင်းပမည့်နေရာ ။။။။။။။။။။။ SAALBAU Titus-Forum (Nordwestzentrum)
Walter-Möller-Platz 2
60439 Frankfurt am Main
U 1 စီး၍ Nordwestzentrum မှတ်တိုင်တွင်ဆင်းပါရန်။
ဂုဏ်ပြုပူဇော်ပွဲအား မွန်းလွဲ (၁၃:၀၀)နာရီ တိတိတွင် စတင်ပါမည်။
မှတ်ချက် ။ ။နံနက်(၁၁:၀၀)နာရီတွင် ဆရာတော်အား မိမိတို့နှစ်သက်ရာ ဆွမ်းဟင်း၊အချိုပွဲတို့နှင့်
စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသည့်ဧည့်ပရိတ်သတ်တို့အား အလှူရှင်
ကိုမင်းစိန်လင်းမှ ဓမ္မဒါန မြန်မာရိုးရာ မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းသွားပါမည်။