Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, February 19, 2012

ဒီ တနင်္ဂနွေ ဇူဇူး ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့မင်္ဂလာ


ကိုနေ၀င်းလှိုင် + မမီစံ တို့ရဲ့ သမီးရးတနာ ဇူးဇူး ရဲ့ (၁၀) နှစ်ပြည့် မွေးနေ့မင်္ဂလာကို ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်းတိုက် ဘုန်းတော်ကြီးကျောင်းမှာပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နံနက် (၁၁း ၁၅ ) နာရီတွင် ဆွမ်းခဲဖွယ် ဘောဇဉ်များကို မွေးနေ့အလှူရှင် မိသားစုနှင့် အတူ ဧည့်ပရိသတ်များက ဆက်ကပ်လှူဒါန်းကြပါတယ်။ ဧည့်ပရိသတ်များအားလည်း  ငါးပေါင်းဟင်းစသည်တို့ဖြင့် မွန်မွန်မြတ်မြတ် တည်ခင်းဧည့်ခံ ကျွေးမွေး လှူဒါန်းခဲ့ပါတယ်။ နေ့လည် (၂း ၀၀) နာရီအချိန်တွင် ဧည့်ပရိသတ်များ စုပေါင်း၍ ငါးပါးသီလဆောက်တည် ကျင့်သုံးကြပါတယ်။ အဲဒီနောက် ပရိတ်တရားတော်နှင့် အနုမောဒနာ တရားတော်တို့ကို နာယူကြပြီး လှူဒါန်းမှု အစုစုတို့ကို (၃၁) ဘုံ ကျင်လည်ကြတဲ့ ဝေနေယျ သတ္တ၀ါများအား မေတ္တာပို့ကာ အမျှပေးဝေခဲ့ကြပါတယ်။ မွေးနေ့အလှူရှင် မိသားစုများနှင့် တကွ ပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုနိုင်ကြပါစေ။
အလှူရှင် ကိုနေ၀င်းလှိုင် + အလှူအမ မမီစံ နှင့် သမီး ဇူးဇူး တို့ ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းနေစဉ်





အလှူရှင်မိသားစုများ အချိုပွဲ ဆက်ကပ်လှူဒါန်းနေစဉ်