Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, January 1, 2012

နှစ်သစ်ကူးရဲ့ နှစ်သစ်ဦး ဒါန၊ သီလ၊ ဆုတောင်း မေတ္တာပို့သပွဲ (၀၁.၀၁.၂၀၁၂)မှ မှတ်တမ်းဓါတ်ပုံများ

နှစ်သစ်ကူးပွဲတော်ကို နိုင်ငံအသီးသီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်၍ ကြိုဆိုလေ့ရှိပါတယ်။ ဤဂျာမဏီ နိုင်ငံ ဖရန့်ဖို့မြို့တွင်လည်း နှစ်သစ်ကူးပွဲတော်ကို မီးရှူး မီးပန်းများ ပစ်ဖောက်၍ ကြိုဆိုခဲ့ကြပါတယ်။ ဘာသာအသီးသီး လူမျိုးအသီးသီးတို့ကလည်း နှစ်သစ်ကူးပွဲတော်ကို ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများလည်း စုပေါင်း၍  နှစ်သစ်ကူးရဲ့ နှစ်သစ်ဦးမင်္ဂလာကို ကြိုဆိုခဲ့ကြပါတယ်။ အသင်း မိသားစုများ၏ နှစ်သစ်မင်္ဂလာပွဲကို ကောင်းမှုကုသိုလ်များ ပြုလုပ်၍ ကြိုဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ ဤနှစ်သစ်မင်္ဂလာပွဲကို ဗုဒ္ဓသာသနရံသီ အသင်းတိုက်မှာပဲ ကျင်းပပြုလုပ်ကြပါတယ်။ ဤနှစ်သစ်မင်္ဂလာပွဲတွင် ဦးစိုးဝင်းသန်း + ဒေါ်တင်တင်ဝင်း မိသားစုတို့မှ တာဝန်ခံဆရာတော်နှင့် ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အုန်းနို့ခေါက်ဆွဲဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခြင်းတို့ကို ၀မ်းမြောက်ဝမ်းသာ ပြုလုပ်ခဲ့ကြပါတယ်။ နေ့လည် ၂း ၀၀ နာရီတွင် သီလဆောက်တည်၍ တရားဓမ္မနာယူခဲ့ကြပါတယ်။ ညနေ ၃း ၀၀ နာရီ အချိန်တွင် ပရိသတ်များ စုပေါင်း၍ ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းတို့နှင့်  ပြည့်စုံစေရန် ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်နှင့် ပစ္စယနိဒ္ဒေသပါဠိတော်တို့ကို ရွတ်ဆိုပူဇော်၍ ဆုတောင်း မေတ္တာပို့  အမျှပေးဝေကာ နှစ်သစ်မင်္ဂလာကို ကြိုဆိုခဲ့ကြပါတယ်။