Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Monday, November 14, 2011

စိတ်ထားတတ်ကြပါစေ မေတ္တာရှင်(ရွှေပြည်သာ)

သူတော်ကောင်းဓါတ်နည်းသောပုထုဇဉ်မှန်သမျှသည်သူတပါး၏မြင့်မိုရ်တောင်လောက်ရှိသောကောင်းကွက်ကိုမမြင်တတ်ကြသော်လည်းဆီးစေ့လောက်ရှိသောအပြစ်ကိုကားကြံဖန်မြင်ပြီးလက်ညိုးထိုးမေးငေါ့မဲ့ရွဲ့အပြစ်တင်တတ်ကြသည်။
ထိုကဲ့သို့သောသူများသည်တရုပ်ပညာရှိကြီးကွန်ဖြူးရှပ်၏အောက်ပါစကားလေးကိုသတိထားသင့်ကြသည်။
              သဘောထားသေးသိမ်သောသူများသည်  သူတပါးအပြစ်ကိုသာမြင်တတ်သည်။
              သဘောထားပြည့်ဝသောသူသည်ကား     မိမိအပြစ်ကိုသာမြင်၏။
              ထိုထက်ပိုပြီးသဘောထားပြည့်ဝသောသူသည်ကား  မည်သူကိုမျှအပြစ်မမြင်တော့ပေ။
ဗုဒ္ဓကလည်းဓမ္မပဒ၌
        ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံဥဇ္ဇုာနသညိနော။
        အာသဝါတဿဝဎုန္တိ၊အာရာသောအာသဝက္ခယာ။ (ဓမ္မပဒ)
သူတပါးအပြစ်ကိုမြင်လေ့ရှိ၍ကဲ့ရဲ့ရှုတ်ချလိုစိတ်ရှိသောသူများသည်အာသဝေါတရား(အကုသိုလ်)များ၍အာသဝေါကုန်ရာအရဟတ္တမဂ်သို့ဘယ်သောအခါမျှမရောက်နိုင်ဟုဟောကြားတော်မူခဲ့သည်။