နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။
Sunday, November 27, 2011
Monday, November 21, 2011
Saturday, November 19, 2011
Tuesday, November 15, 2011
ပျော်ပျော်ပါးပါးကြိုဆိုကြစို့
ဗုဒ္ဓသာသနရံသီအသင်းမိသားစုများခင်ဗျာ
အသင်းကြီး၏ကျောင်းထိုင်ဆရာတော်ဦးပညာဝံသသည်ရန်ကုန်မြို့မှ၁၈.၁၁.၂၀၁၁နေ့ (၁၂နာရီ၁၅မိနစ်)တွင်မလေးရှားလေကြောင်းလိုင်း(Boeing 777-200)နှင့်ထွက်ခွါလာမည်ဖြစ်ပြီး
ဂျာမနီနိုင်ငံ Frankfurt am Main လေဆိပ်သို့ စနေနေ့(၁၉.၁၁.၂၀၁၁)နံနက် ၆နာရီ၂၀မိနစ်တွင်
ရောက်ရှိမည်ဖြစ်ပါသည်။လာရောက်ကြိုဆိုကြမည့်အသင်းသူ/အသင်းသားများအနေနှင့်မိမိတို့အစီအစဉ်နှင့်
Terminal 2 သို့လာရောက်ကြရန်အသိပေးအကြောင်းကြားအပ်ပါသည်။
(ဗုဒ္ဒသာသနရံသီအသင်းအမှူဆောင်အဖွဲ့)

Monday, November 14, 2011
စိတ်ထားတတ်ကြပါစေ မေတ္တာရှင်(ရွှေပြည်သာ)
သူတော်ကောင်းဓါတ်နည်းသောပုထုဇဉ်မှန်သမျှသည်သူတပါး၏မြင့်မိုရ်တောင်လောက်ရှိသောကောင်းကွက်ကိုမမြင်တတ်ကြသော်လည်းဆီးစေ့လောက်ရှိသောအပြစ်ကိုကားကြံဖန်မြင်ပြီးလက်ညိုးထိုးမေးငေါ့မဲ့ရွဲ့အပြစ်တင်တတ်ကြသည်။
ထိုကဲ့သို့သောသူများသည်တရုပ်ပညာရှိကြီးကွန်ဖြူးရှပ်၏အောက်ပါစကားလေးကိုသတိထားသင့်ကြသည်။
သဘောထားသေးသိမ်သောသူများသည် သူတပါးအပြစ်ကိုသာမြင်တတ်သည်။
သဘောထားပြည့်ဝသောသူသည်ကား မိမိအပြစ်ကိုသာမြင်၏။
ထိုထက်ပိုပြီးသဘောထားပြည့်ဝသောသူသည်ကား မည်သူကိုမျှအပြစ်မမြင်တော့ပေ။
ဗုဒ္ဓကလည်းဓမ္မပဒ၌
ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံဥဇ္ဇုာနသညိနော။
အာသဝါတဿဝဎုန္တိ၊အာရာသောအာသဝက္ခယာ။ (ဓမ္မပဒ)
သူတပါးအပြစ်ကိုမြင်လေ့ရှိ၍ကဲ့ရဲ့ရှုတ်ချလိုစိတ်ရှိသောသူများသည်အာသဝေါတရား(အကုသိုလ်)များ၍အာသဝေါကုန်ရာအရဟတ္တမဂ်သို့ဘယ်သောအခါမျှမရောက်နိုင်ဟုဟောကြားတော်မူခဲ့သည်။

Thursday, November 10, 2011
ဆုံနေကြတနင်္ဂနွေ
ဗုဒ္ဓသာသနရံသီအသင်းကြီး၏အပတ်စဉ်ဆုံနေကြတနင်္ဂနွေနေ့ဖြစ်သောလာမည့်တနင်္ဂနွေနေ့(၁၃.၁၁.၂၀၁၁)တွင်ကိုလှမောင်သန်း+မစောစန္ဒာလင်းမိသားစု
မှဓမ္မမိတ်ဆွေအပေါင်းအားရိုးရာ ရခိုင်မုန့်ဟင်ခါးနှင့်ဧည့်ခံကျွှေးမွေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါသည်။ဓမ္မမိတ်ဆွေများအားလုံးလာရောက်နေကြအချိန်(နံနက် ၁၁နာရီ)အတိုင်းကြွရောက်ကြပါ၇န်ဖိတ်ကြားလိုက်ပါသည်ခင်ဗျာ။
(ဗုဒ္ဓသာသနရံသီအသင်းအကျိုးဆောင်အဖွဲ့)

Wednesday, November 9, 2011
အသေအချာရောက်ပြီ
ဗုဒ္ဓသာသနရံသီအသင်း(ဂျာမနီ)၏ကျောင်းထိုင်ဆရာတော်ဦးပညာဝံသ သည်ရန်ကုန်မြို့မှ (၁၈.၁၁.၂၀၁၁)နေ့တွင်မလေးရှားလေကြောင်းလိုင်းနှင့်ထွက်ခွါလာပြီး(၁၉.၁၁.၂၀၁၁)နေ့ နံနက်(၆နာရီ၃၀မိနစ်)တွင်ဂျာမနီနိုင်ငံ Frankfurt am Main လေဆိပ်သို့ရောက်ရှိမည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါသည်။
(ဗုဒ္ဓသာသနရံသီအသင်း)အမှူဆောင်အဖွဲ့
(ဗုဒ္ဓသာသနရံသီအသင်း)အမှူဆောင်အဖွဲ့
Sunday, November 6, 2011
သုံးနှစ်ပြည့်မင်္ဂလာအလှူဒါနပြု
ကိုထက်ခေါင်ညွန့်နှင့်မသဲသီရိဇော်တို့ရဲ့သုံးနှစ်ပြည့်မင်္ဂလာရက်မြတ်အထိမ်းအမှတ်အဖြစ်ဗုဒ္ဓသာသနရံသီအသင်းကြီးတွင်ဓမ္မမိတ်ဆွေများနှင်သူငယ်ချင်းများအားကြာဇံကြော်(ကြက်သားနှင့်)အားတည်ခင်းကျွှေးမွေးဧည့်ခံပါသည်။
ကိုထက်ခေါင်ညွန့်နှင့်မသဲသီရိဇော်တို့နှစ်ဦးဘဝခရီးတလျှောက်ချမ်းမြေ့ပျော်ရွှင်စွာဖြင့်လျှောက်လှမ်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
( ဗုဒ္ဓသာသနရံသီမိသားစု)
ကိုထက်ခေါင်ညွန့်နှင့်မသဲသီရိဇော်တို့နှစ်ဦးဘဝခရီးတလျှောက်ချမ်းမြေ့ပျော်ရွှင်စွာဖြင့်လျှောက်လှမ်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
( ဗုဒ္ဓသာသနရံသီမိသားစု)
Wednesday, November 2, 2011
ကောင်းသောနံနက်ခင်းပါခင်ဗျာ(အထူးသတင်း)
ဗုဒ္ဓသာသနရံသီအသင်းကြီးရဲ့ကျောင်းထိုင်ဆရာတော်ဦးပညာဝံသသည်ယနေ့(၂.၁၁.၂၀၁၁)မှာဘဲဂျာမနီဗီဇာကိုလက်ဝယ်ပိုင်ပိုင်ရရှိခဲ့ပါကြောင်းအသင်းသူ၊အသင်းသားများအားဝမ်းသာစရာသတင်းကောင်းအဖြစ်ပြောကြားလိုက်ပါတယ်၊
ဦး ဇင်းသည်ဒီလ(နိုဝင်ဘာ ၁၈၊၁၉ )ရက်လောက် ရောက်ရှိမှာဖြစ်ပါတယ်။ အသင်းသူအသင်းသားများအားလုံးဝမ်းသာနိုင်ကြပါစေ။
ေ၇ာက်မည့်၇က်၊အချိန် အတိအကျ ထပ်ပြောပါ့မယ်။
(မောင်မောင်ဝင်း)
ဦး ဇင်းသည်ဒီလ(နိုဝင်ဘာ ၁၈၊၁၉ )ရက်လောက် ရောက်ရှိမှာဖြစ်ပါတယ်။ အသင်းသူအသင်းသားများအားလုံးဝမ်းသာနိုင်ကြပါစေ။
ေ၇ာက်မည့်၇က်၊အချိန် အတိအကျ ထပ်ပြောပါ့မယ်။
(မောင်မောင်ဝင်း)
Tuesday, November 1, 2011
မြန်မာအစားအစာေ၇ာင်းချမှုအလှူရှင်စာရင်း
(၁)မတင်မိုးဆက်မိသားစု(အလှပြင်ပစ္စည်း) ၄၀.၀၀ ယူရို
(၂)ဦးလှ+ဒေါ်ခင်ထွေးမိသားစု(တို့ဟူးသုတ်) ၃၈.၀၀ ယူရို
(၃)ကိုစိုးဝင်းသန်း+မတင်တင်ဝင်းမိသားစု(သင်္ဘောသီးသုတ်) ၅၀.၀၀ ယူရို
(၄)ကိုမောင်မောင်ဝင်း+မမြစမ်းအေးမိသားစု(ဆိတ်သားပတ်) ၆၀.၀၀ ယူရို
(၅)ကိုအောင်ကျော်ထွန်း+မသန်းသန်းဝင်းမိသားစု(ပဲပြားအစာသွက်) ၄၃.၀၀ ယူရို
(၆)ဦးတိုးအောင်ထွန်း+ဒေါ်အေးအေးကြည်မိသားစု(အသားပေါင်း) ၁၅.၀၀ ယူရို
(၇)ကိုလှမောင်သန်း+မစောစန္ဒာလင်းမိသားစု(ရခိုင်ဆီထမင်း) ၃၀.၀၀ ယူရို
(၈)ဒေါ်ခင်သန်းနွယ်မိသားစု(ဝက်သားဒုတ်ထိုး) ၅၀.၀၀ ယူရို
(၉)ဒေါ်ကျင်သန်းမိသားစု(ပုသိန်ဟာလဝါ) ၁၀၅.၀၀ ယူရို
စုစုပေါင်းရရှိငွေ ၄၃၁.၀၀ ယူရို

ကထိန်သင်္ကန်းကပ်လှူပွဲမှငွေစာရင်းရှင်းတမ်း(၃၀.၁၀.၂၀၁၁)
(၁) သင်္ကန်းကပ်လှူငွေစုစုပေါင်းမှရရှိအလှူငွေပေါင်း ၇၂၅.၀၀ ယူရို
(၂) သီးသန့်လှူဒါန်းငွေ ၆၅.၀၀ ယူရို
(၃) မြန်မာအစားအစာမျိုးစုံမှရောင်းရငွေ ၄၃၁.၀၀ ယူရို
စုစုပေါင်းရရှိငွေ ၁၂၂၁.၀၀ ယူရို
(၄)သံဃာတော်နှစ်ပါးအားခရီးစရိတ်ဆက်ကပ်ငွေ ၄၀၀.၀၀ ယူရို
စုစုပေါင်းကျန်ရှိငွေ ၈၂၁.၀၀ ယူရို

Subscribe to:
Posts (Atom)