ဗုဒ္ဓသာသနရံသီ
အသင်းမိသားစုများ ရင်နှီးချစ်ခင် ပျော်ရွှင်စွာဖြင့် ဒုတိယ အကြိမ်မြောက် ဥရောပ
(ပြင်သစ်) ခရီးစဉ်ကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြ ပါတယ်။ ပြင်သစ်ခရီးစဉ် ပြီးဆုံး၍
အပြန်တွင် အသင်းအမှုဆောင် ဦးသိန်းယု မှ အမှတ်တရအဖြစ် ကံစမ်းမဲကို
စီစဉ်ပေးခဲ့ပါတယ်။ ဒီကံစမ်းမဲ ကို ကားပေါ်မှာပဲ ကျင်းပခဲ့ပြီး ကံစမ်းမဲ
လက်ဆောင်ပေးအပ်ပွဲကို ကားခဏရပ်နားတဲ့ အချိန်မှာပဲ ကျင်းပပေးခဲ့ ပါတယ်။ ကံစမ်းမဲကို
ဒေါ်ခင်ထွေးမှ ရရှိခဲ့ပြီး ကျေးဇူးတင် ၀မ်းမြောက်စကား ပြောကြားခဲ့ပါတယ်။ အသင်းအမှုဆောင်
ဦးသိန်းယုမှလည်း ပြင်သစ်ခရီးစဉ် အောင်အောင်မြင်မြင် ပြီးခဲ့တဲ့အတွက်
အသင်းအမှုဆောင်များ ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ ပါတယ်။




