Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Thursday, May 22, 2014

ဒုတိယဖြူးဆရာတော် ဥရောပ ဓမ္မဒူတခရီးစဉ်

၂၃.၀၅.၂၀၁၄ သောကြာနေ့ ကိုမျိုးလင်းအောင်(ကိုရာဂျူး) - မလွင်လွင်ထိုက် သမီး မဟန်နီမျိုး မိသားစုတို့မှ  နေအိမ်၌ ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
၂၄.၀၅.၂၀၁၄ စနေနေ့ ဒေါ်ကျင်သန်း သမီး မမေထက်ကျော် တို့မှ နေအိမ်၌  ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
၂၅.၀၅.၂၀၁၄ တနင်္ဂနွေနေ Saalbau Bornhem ခန်းမ ၌ဆရာတော်၏ ဓမ္မသဘင်ပူဇော်ပွဲ ပြုလုပ်ကျင်းပပါမည်။
၂၆.၀၅.၂၀၁၄ မှ ၂၉.၀၅.၂၀၁၄ ထိ ပြင်သစ်နိုင်ငံ ပါရီမြို့ သို့  ဓမ္မဒူတခရီးစဉ်ကြွရောက်ပါမည်။ ၂၉.၀၅.၂၀၁၄ နေ့ ဖရန့်ဖွတ်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။
၃၀.၀၅.၂၀၁၄ သောကြာ နေ့ ကိုဇော်ဝင်း - မသက်နု တို့မှ နေအိမ်၌  ဆရာတော်အားနေ့ဆွမ်းဆက်ကပ်လှူဒါန်းပါမည်။
၃၀.၀၅.၂၀၁၄ သောကြာ နေ့ ညနေပိုင်း၌ ဆရာတော်သည် နယ်သာလန်နိုင်ငံ နှင့် ဘယ်ဂျီယမ်နိုင်ငံများသို ဓမ္မဒူတခရီးစဉ့်ကြွ ရောက်၍  ၀၂.၀၆.၂၀၁၄ နေ့ထိ သီတင်းသုံးပါမည်။
၀၂.၀၆.၂၀၁၄ နေ့ ညနေပိုင်း ဖရန့်ဖွတ်မြို့သို့ ပြန်လည်ရောက်ရှိပါမည်။
၀၃.၀၆.၂၀၁၄ မှ ၀၅.၀၆.၂၀၁၄ ထိ ဆွမ်းဆက်ကပ်လှူဒါန်းလိုကြသော သဒ္ဓါကြည်လင် ဆွမ်းအလှူ့ရှင်တို့အတွက် ဆရာတော်၏ ဓမ္မဒူတခရီးစဉ်အား ထပ်မံကြေညာပေးပါမည်။
ဆရာတော်သည် ၀၆.၀၆.၂၀၁၄ နေ့ နေ့လည် ၂ နာရီချိန်၌ ထိုင်းလေကြောင်းဖြင့် မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပါမည်။
ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ ဆရာတော်အတွက် ဆွမ်းအလှူကုသိုဟ်ဒါန အဖို့ဘာဂတို့အား ကြည်သာရွှင်ပျ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်ဆိုပါသည်။

သာသနာ့ဒါယကာ ဒါယိကာမများ ကြည်သာရွှင်ပြ သာဓု နုမောဒန ခေါ်ဆိုနိုင်ကြပါစေ



စင်္ကာပူနိုင်ငံမှ အလှူရှင် Mr. Ivan Terry Tom နှင့် Ms Asuley Chan တို့မှ မိခင်ကြီး  Cheumg Pul Yong အားအမှူးထား၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် တည်ဆောက်မည့် သာသနရံသီမြန်မာ့ဗုဒ္ဓစင်တာတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းတိတိကို ရန်ကုန်မြို  မဟာသန္တိသုခကျောင်းတော်သို့လာရောက်၍ လန်ဒန်မြို့ သာသနာ့ရံသီဆရာတော် ဦးဥတ္တရအား လှူဒါန်းခဲ့ပါသည်။
ဂျာမနီသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ ဝမ်းမြောက်နုမော် သာဓု,သာဓု,သာဓု ခေါ်ဆိုပါသည်။

Sunday, May 18, 2014

ဒုတိယဖြူးဆရာတော် ၏ ဓမ္မသဘင်ပူဇော်ပွဲ ဖိတ်ကြားလွှာ

 ပထမဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ၏ ဩဝါဒ သာသနာပြု လမ်းစဉ်အရ,,,ဒုတိယ ဖြူးဆရာတော် (ရန်ကုန်မြို့,လှိုင်မြို့နယ် ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် , မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်းမြောက်ပိုင်း ရတနာစိန်စည်ပရိယတ္တိစာသင်တိုက် , ဖြူးမြို့ ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်) တို့၏ ပဓာန နာယကဆရာတော် ဒေါက်တာအဂ္ဂဝရ (ဓမ္မာစရိယ၊M.A.,Ph.D) အရှင်သူမြတ်၏ ဓမ္မသဘင်ပူဇော်ပွဲကို ၂၅.မေလ.တနင်္ဂနွေနေ့တွင် Frankfurt Bornheim Mitte Saalbau ခန်းမ၌ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တရား၌ပျော်ရွှင် ဓမ္မသူတော်စင်အပေါင်းတို့မှ အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကြွရောက်၍ သောကငြိမ်းအေးအမြိုက်ဆေးတရားတော်များ နာကြားနိုင်ပါစေကြောင်း  ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ လေးမြတ်သောစိတ်ထားဖြင့်ဖိတ်ကြားအပ်ပါသည်။

နေရက်   ။        ။ ၂၅. ၀၅. ၂၀၁၄ (တနင်္ဂနွေနေ့)
အချိန်     ။        ။ နံနက် ၁၀.၀၀ မှ မွန်းလွဲ ၁၆.၀၀ နာရီ ထိ
အစီအစဉ်။        ။ သဒ္ဓါကြည်လင် ဆွမ်းအလှူ့ရှင်တို့ ညီတူမျှဝေ ဆွမ်းအလှူ ကုသိုဟ်ရပါစေကြောင်းဖြင့် နံနက် ၁၁.၀၀ နာရီ တိတိအချိန်၌ ကြွရောက်လာမည့် သံဃာတော်တို့အား နေ့ဆွမ်းစုပေါင်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပါ၍  ကုသိုဟ်ပါဝင်လိုကြသည့် ဆွမ်းအလှူရှင်တို့အနေဖြင့် မိမိတို့တပိုင်တနိုင် ဆွမ်း,ဆွမ်းဟင်း,ခဲဖွယ်ချိုချင်ပွဲ တို့ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆွမ်းစုပေါင်းကပ်လှူကြမည်ဖြစ်ပါသည်။ သံဃာတော်တို့ဆွမ်းစားပြီးပါက ကြွရောက်သည့်ဓမ္မမိတ်ဆွေ ဧည့်ပရိတ်သတ်တို့အား ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများမှ အုန်းထမင်း,ကြက်သားဟင်း,အချဉ်သုပ်စုံ,မြန်မာ့ရိုးရာ မုန့်,အဖျော်အချိုရည်တို့ဖြင့် လှူဒါန်းဧည့်ခံမည်ဖြစ်ပါသည်။ မွန်းလွဲ ၁၃.၃၀ နာရီ၌  ဓမ္မပူဇော်ပွဲသဘင် အခမ်းအနားအစီအစဉ်စတင်မည်ဖြစ်ပါသည်။
နေရာ။          ။ SAALBAU Bornheim
                       Arnsburger Straße 24
                       60385 Frankfurt am Main
လမ်းညွှန်။      ။Frankfurt Hauptbahnhof (oder) Konstarblerwache မှ U 4 ဖြင့် Richtung Enkheim (oder) Sechbacher Landstraße သို့စီး၍ Höhen Straße မှတ်တိုင်၌ဆင်းပါ။ မြေအောက်ဘူတာမှ အပေါ်သို့ Berger Straße ဘက်ခြမ်းလမ်းညွှန်ချက်တိုင်းတက်၍ လမ်းပေါ်၌ Saalbau Bornheim သို့လမ်းညွှန်ပြထားမှူ့များအတိုင်း ရောတ်ရှိနိုင်ပါသည်။

 ဗုဒ္ဓသာသနာ့ရံသီ သာသနာ့ဒါယကာ,ဒါယိကာမများ

နဝမမြောက် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဒုတိယဖြူးဆရာတော်တို့၏ သာသနာရေးကြိုးပမ်းမှူ့များ






 သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ
အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
“အဘိဓဇ မဟာရဋ္ဌဂုရု”
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက
ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ, ဓမ္မရက္ခိတဖြူးမဟာစည်ရိပ်သာကျောင်းတိုက်သို့ကြွရောက်,တရားရေအေးတိုက်ကြွေး၍ , ဖြူးဆရာတော်၏ သာသနာပြူ့လုပ်ငန်းစဉ်များအား ထောက်ပံ့အားပေးတော်မူခဲ့ပါသည်။

Germany နိုင်ငံသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်နေသော ဒုတိယဖြူးဆရာတော် ဒေါက်တာအဂ္ဂဝရ အားဦးထိပ်ထား၍ ဗုဒ္ဓသာသနာ့ရံသီအသင်းနှင့် Germany နိုင်ငံရောက် သာသနာ့ဒါယကာ, ဒါယိကာမများစုပေါင်းကျင်းပသော ဓမ္မသဘင်ပူဇော်ပွဲ

ပထမဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ၏ ဩဝါဒ သာသနာပြု လမ်းစဉ်အရ,,,ဒုတိယ ဖြူးဆရာတော် (ရန်ကုန်မြို့,လှိုင်မြို့နယ် ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် , မရမ်းကုန်းမြို့နယ် ကျောက်ရေတွင်းမြောက်ပိုင်း ရတနာစိန်စည်ပရိယတ္တိစာသင်တိုက် , ဖြူးမြို့ ဖြူးမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်) တို့၏ ပဓာန နာယကဆရာတော် ဒေါက်တာအဂ္ဂဝရ (ဓမ္မာစရိယ၊M.A.,Ph.D) အရှင်သူမြတ်သည် ၉ ရက်၊မေလ မှ ၆ရက်၊ဇွန်လထိ ဂျာမနီ နှင့် ဥရောပနိုင်ငံများသို့ သာသနာပြူ့ခရီးစဉ် ကြွရောက်လျှက်ရှိပါသည်။ ယခု ဆရာတော်ဘုရားသည် ဂျာမနီနိုင်ငံတွင်းခရီးစဉ်ကြွရောက်နေပြီး ၂၃ ရက်၊မေလ Freitag ညနေပိုင်း၌ Frankfurt သို့ပြန်လည်ရောက်ရှိ၍ ဦးသိန်းယု - ဒေါ်ချစ် မိသားစုနေအိမ်၌ ခေတ္တတည်းခို သီတင်းသုံးမည်ဖြစ်ပါသည်။ဆရာတော်အရှင်သူမြတ်သည် ၂၅ ရက်၊မေလ Sonntag ၌ Frankfurt, Bornheim Mitte, Saarbau ခန်းမ၌ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးဟောကြားတော်မူမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကြုံခဲလှစွာသော ဓမ္မသဘင်ပူဇော်ပွဲသို့ Frankfurt မြို့ပေါ်နှင့် အနီးပါတ်ဝန်းကျင်နေ ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မှ ကြွရောက်၍ တရား နာကြားပူဇော်နိုင်ကြပါကြောင်း လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။

Wednesday, January 1, 2014

မြန်မာနိုင်ငံသားများအားလုံး 2014ခု၊ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။

          မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွယျဉ်တွဲနေထိုင်ကြသော တိုင်းရင်းသားများ၊ နိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသောမြန်မာနိုင်ငံသားများ အထူးသဖြင့် ဂျာမနီနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအားလုံး ယနေ့ (၀၁.၀၁.၂၀၁၄) မှ စ၍ အတူတကွ ချစ်ကြည်ရင်းနှီးစွာဖြင့်၊ သာသနာပြုလုပ်ငန်းများ၊ ပရဟိတ လူမှု့အကျိုးပြုလုပ်ငန်းများကို ကူညီထောက်ပံပေးနိုင်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။

           စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ နှင့် ပြည့်စုံပါစေလို့ နှစ်သစ် မင်္ဂလာဆုတောင်း မေတ္တာ ပေးပို့အပ်ပါသည်။

                                                                     ဗုဒ္ဓသာသနရံသီ ဆရာတော်နှင့် အသင်းသူ/သားများ

Monday, December 23, 2013

နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ နှင့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများ ဈေးရောင်းပွဲတော်

ဗုဒ္ဓသာသနရံသီ အသင်းမိသားစုများမှ နှစ်စဉ်ကျင်းပလျှက်ရှိသော ဈေးရောင်းပွဲနှင့် နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် မြန်မာမိသားစုဝင်များအား လာရောက်ပါရန် လေးစားစွာဖြင့် ဘိတ်ကြားအပ်ပါသည်။

ကာရာအိုကေ အစီစဉ်ရှိပါသောကြောင့် မိမိတို့ နှစ်သက်ရာသီချင်းများဆိုနိုင်ရန်အတွက် ဦးကြည်ဝင်း၊ ဦးကြည်လင် နှင့် ဦးအောင်ကြီးတို့ထံတွင် ကြိုတင်စာရင်းပေးနိုင်ရန် နှိုးဆော်အပ်ပါသည်။

အချိန်။          ။ မွန်းလွဲ (၁၃.၀၀ မှ ၁၈.၀၀) နာရီ
နေရက်။        ။ ၀၅. ၀၁. ၂၀၁၄ (တနင်္ဂနွေနေ့)
နေရာ။          ။ SAALBAU Bornheim
                       Arnsburger Straße 24
                       60385 Frankfurt am Main


                                                                                                 ဗုဒ္ဓသာသနရံသီအသင်း

Thursday, December 5, 2013

ဗုဒ္ဓသာသနရံသီကျောင်းထိုင်ဆရာတော် ဦးပညာဝံသ ခရီးစဉ်

                                                    Frankfurt လေဆိပ်မှ မထွက်ခွာမှီ


              03.12.2013 ညနေ 18.58 မိနစ်တွင် ဗုဒ္ဓသာသနရံသီအသင်း ဒုဥက္ကဌ ဆရာတော် ဦးပညာဝံသသည် ဂျာမနီနိုင်ငံ Frankfurt မြို့ လေဆိပ်မှ၊ ရန်ကုန်မြို့သို့ ခေတ္တပြန်လည်ထွက်ခွာသွားပါသည်။
              
             ဆရာတော်ဦးပညာဝံသသည် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့တွင် သီးတင်းသုံးနေထိုင်ပြီး ၄င်းကျောင်းရှိ စာသင်သံဃာတော်များအား စာဝါပို့ချရန် တာဝန်ရှိပါသောကြောင့်၊ မြန်မာနိုင်ငံသို့ ခေတ္တခဏ ပြန်လည်ကြွရောက်ပြီး၊ ဂျာမနီနိုင်ငံသို့ မတ်လတွင် ပြန်လည်ကြွရောက်လာမည့်အကြောင်း ဓမ္မမိတ်ဆွေ၊ သူတော်ကောင်းအပေါင်းတို့အား အသိပေး အကြောင်းကြားအပ်ပါသည်။

                                                                                      ( ဗုဒ္ဓသာသနရံသီအသင်း )


Tuesday, December 3, 2013

ကထိန်သင်္ကန်း အလှူရှင်များ




စဉ်
အမည်
စုံ
ယူရို
ကိုအောင်အောင်
၂၅
ဒေါ်တင်တင်မြင့်
၂၅
ဦးမျိုးမင်း + ဒေါ်သန်းသန်းဦး
၂၅
ကိုကျော်လင်း
၂၅
ဦးလှစု + ဒေါ်စိုးစိုးသိန်း မိသားစု
၂၅
ဦးတင်ဖေ + ဒေါ်အုန်းမမ မိသားစု
၂၅
ကိုအေးမင်း
၂၅
ကိုမျိုးလင်းအောင် + မလွင်လွင်ထိုက် မိသားစု
၂၅
ဦးစံရွှေမောင်၊ ဦးစံရွှေကျော်
၂၅
၁၀
ကိုနန်းဝင်းအောင်
၂၅
၁၁
ဒေါ်ကျင်သန်း (သမီး) မေထက်ကျော်
၂၅
၁၂
ဦးဝင်းမောင်၊ ဦးစံကျော်
၂၅
၁၃
ကိုလှမောင်သန်း၊ စောစန္ဒာလင်း မိသားစု
၂၅
၁၄
ကိုတိုးအောင်ထွန်း + မအေးအေးကြည် မိသားစု
၂၅
၁၅
ကိုကြည်ဝင်း + မလင်းလင်းလတ် မိသားစု
၂၅
၁၆
ကိုဦး + မသန္တာမင်းထွန်း
၂၅
၁၇
ကိုအောင်ဇေယျ
၂၅
၁၈
ကိုအောင်ပြည့်ဖြိုး
၂၅
၁၉
ကိုကျော်ဆွေညွန့်
၂၅
၂၀
ကိုသိန်းနိုင်ဆွေ
၅၀
၂၁
ကိုမင်းထိုက် + မမာလာသင်း
၂၅
၂၂
ကိုကျော်စိန်ဝင်း + မကြည်ကြည်ခင် မိသားစု
၂၅
၂၃
ဦးမာဌေးနက် + ဒေါ်နန်ခမ်းဖောင် မိသားစု
၂၅
၂၄
ကိုမျိုးဇော် + မရွေးရွေး မိသားစု
၂၅
၂၅
ဦးသိန်းယု + ဒေါ်ချစ်ချစ် မိသားစု
 ၁
၂၅