Pages

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

သာသနရံသီ၊ ဂျာမဏီ၊ ကမ္ဘာတည်သ၍ မြဲစေမည်။

Sunday, January 27, 2013

အတာသင်္ကြန်ပွဲဆင်နွဲကြမယ်။

ဗုဒ္ဓသာသနရံသီအသင်း၏(၆)ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မြန်မာအတာသင်္ကြန်ပွဲတော်အား
စည်ကားသိုက်မြိုက်စွာ (၂၁.၀၄.၂၀၁၃)နေ့တွင် အောက်ပါအစီအစဉ်အတိုင်းပြုလုပ်သွားမည်
ဖြစ်ကြောင်းသတင်ကောင်းပါးလိုက်ပါသည်။
    ကာရာအိုကေသီချင်းများကိုပျော်ရွှင်စွာသီဆိုကြပြီး၊အသင်းမိသားစုဝင်များ၏နှစ်သစ်ဦးအလျှု
ဒါနအဖြစ် မြန်မာ့ရိုးရာအစားအစာမျိုးစုံကို လျှုဒါန်းကျွေးမွေးဧည့်ခံသွားမည်ဖြစ်ပါသည်။

   အချိန်၊   ၊နံနက် (၁၀)နာရီ မှ ညနေ (၅ နာရီ ခွဲ)အထိ၊
  နေ့ရက်။   ။ ၂၁.၀၄.၂၀၁၃  (တနင်္ဂနွေနေ့)၊
  နေရာ ။    ။ Nied Saalbau (Clubraum  2)

 မှတ်ချက်။   ။ ကာရာအိုကေသီချင်းသီဆိုကြမည့် ဝါသနာရှင်များအနေနှင့်မိမိတို့သီဆိုမည့်သီချင်း
                    အမည်များကို (၃၁.၀၃.၂၀၁၃) နေ့နောက်ဆုံးထားပြီး ကိုအောင်ကြီး ထံသို့
                   ( ၀၆၉ ၁၃၈၂၅ ၄၈၄) စာရင်းပေးပို့ထားပါရန်။

                                                                 ဗုဒ္ဓသာသနရံသီ အသင်း(ဂျာမနီ)

Monday, December 31, 2012

HEPPY NEW YEAR

ဗုဒ္ဓသာသနရံသီမိသားစုဝင်များအားလုံးနှင့်မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသားအားလုံး ၂၀၁၂ ခုနှစ်
နှစ်ဟောင်းကိုကျော်ဖြတ်ခဲ့ပြီး၊၂၀၁၃ ခုနှစ်နှစ်သစ်ကို ဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်။
မင်္ဂလာအပေါင်းနှင့်ပြည်စုံသော ဒီ ၂၀၁၃ ခုနှစ်မှာ လိုအင်ဆန္ဒ အားလုံးပြည့်စုံကြပါစေလို့
ဗုဒ္ဓသာသနရံသီအသင်းကြီးမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

Sunday, December 9, 2012

နယ်သာလန်နိုင်ငံ၊ ပညာရံသီအသင်း ဘဏ္ဍာရေးမှူး ဦးထွန်းသိန်း ကွယ်လွန်ခြင်း

နယ်သာလန်နိုင်ငံ၊ ဥထရပ်မြို့နေ၊ ပညာရံသီအသင်းရဲ့ ဘဏ္ဍာရေးမှူး ဦးထွန်းသိန်း (၅၇) နှစ်သည် (၈. ၁၂. ၂၀၁၂) ရက်၊ စနေနေ့ ညနေ ( ၃း ၀၀ ) နာရီ အချိန်တွင် နယ်သာလန်နိုင်ငံ၊ ဥထရပ်မြို့ ဆေးရုံ၌ ကွယ်လွန်အနိစ္စရောက်သွားပါ၍ ၁၂. ၁၂. ၂၀၁၂ ရက်၊ ဗုဒ္ဓဟူးနေ့တွင် သဂြို င်္ဟ်ခြင်းကိစ္စပြုလုပ်မည်ဖြစ်ပြီး၊ ၁၄. ၁၂. ၂၀၁၂ ရက်၊ သောကြာနေ့တွင် ရက်လည်ဆွမ်းသွတ် ပရိတ်တရားနာယူမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

Wednesday, November 28, 2012

ဗုဒ္ဓသာသနရံသီ အသင်း မိသားစုများရဲ့ (02. 12. 2012) တနင်္ဂနွေနေ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ဗုဒ္ဓသာသနရံသီ (ဂျာမဏီ) အသင်း မိသားစုများရဲ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ တရားဓမ္မများ နာယူခြင်း အခမ်းအနားကို ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ကြည်ညို ကုသိုလ်ယူ ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

ကျင်းပမည့် နေ့ရက်။        ။ ၀၂. ၁၂. ၂၀၁၂ (တနင်္ဂနွေနေ့)
ကျင်းပမည့် အချိန်  ။        ။ နံနက် ၁၀း ၀၀ နာရီမှ ညနေ ၄း ၀၀ နာရီအထိ
ကျင်းပမည့် နေရာ  ။        ။ Nied Saalbau
                                         Heinrich-Stahl-Straße 3
                                         65934 Frankfurt-Nied

                                        S-Bahn S1 / S2 (Nied Bahnhof )
                                        Straßebahn 11 / 21 (Luthmerstraße)



Thursday, November 22, 2012

အကောင်းတကာ့အကောင်းဆုံး

ဗုဒ္ဓသာသနရံသီအသင်းမိသားစုအာလုံး

     အကောင်းဆုံးအလုပ်တွေကို
     အကောင်းဆုံးစိတ်ထားနဲ့
     အကောင်းဆုံးဖြစ်အောင်လုပ်ကြပါ။

                           (အရှင်ဆန္ဒာဓိက)၏တရားတော်ထဲမှကောက်နုတ်ပါသည်။  

       

Monday, November 12, 2012

စုပေါင်းညီညာ အောင်ကြောင်းဖြာ

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့မှာ နေထိုင်ကြတဲ့ မြန်မာဗုဒ္ဓဘာသာဝင်များ စုပေါင်း၍ ဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ၀၄. ၁၁. ၂၀၁၂ ရက်၊ တနင်္ဂနွေနေ့တွင် Saalbau BornheimArnsburger Str 24,60385, Frankfurt မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ အင်္ဂလန်နိုင်ငံမှ သာသနရံသီ ဆရာတော်၊ ပြင်သစ်နိုင်ငံမှ ဆရာတော် ဦးကုမာရ၊ ဖင်လန်မှ ဆရာတော် ဦးကုသလ တို့ ကြွရောက်ချီးမြှင့်ခဲ့ကြပြီး နံနက် ၁၁း ၀၀ နာရီ အချိန်မှာ နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြပါတယ်၊ ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနဲ့ ပရိသတ်များအား ဒေါက်တာ ဦးအေးနိုင် + ဒေါ်သန်းသန်းချို မိသားစု (လန်ဒန်)၊ ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်) သား ကိုဇင် မိသားစုနဲ့ ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် (မငယ်) မိသားစုတို့မှ ဆွမ်းခဲဖွယ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းခဲ့ကြပါ တယ်။ 
အခမ်းအနားကို နေ့လည် ၁း ၀၀ နာရီအချိန်မှာ စတင်ကျင်းပခဲ့ပြီး အခမ်းအနားမှူးအဖြစ် ကိုမင်းစိန်လင်းမှ ဆောင်ရွက်ခဲ့ပါတယ်။ 
အစီအစဉ် (၁) အရ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပါတယ်။
အစီအစဉ် (၂) အရ ပြင်သစ်ဆရာတော်ထံမှ ပရိသတ်များက ငါးသီလ ခံဆောက်တည်ကြပါတယ်။
အစီအစဉ် (၃) အရ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပါတယ်။
အစီအစဉ် (၄) အရ အသင်းဥက္ကဋ္ဌ အင်္ဂလန်ဆရာတော် ဦးဥတ္တရ ထံမှ သြ၀ါဒ စကား နာယူကြပါတယ်။
အစီအစဉ် (၅) အရ ပရိသတ်များမှ ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပါတယ်။
အစီအစဉ် (၆) အရ ဗုဒ္ဓသာသနရံသီ ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားတော်များ နာယူကြပါ တယ်။
အစီအစဉ် (၇) အရ ဗုဒ္ဓသာသနရံသီ ကျောင်းတော်ဝယ်ယူနိုင်ရေးအတွက် အလှူရှင်များမှ အသင်း အမှုဆောင်များထံ အလှူငွေများ လှူဒါန်းခြင်းနဲ့ မှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။
အစီအစဉ် (၈) အရ အသင်း ဒု ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း မှ ကျောင်းတော်ဝယ်နိုင်ရေးနဲ့ ပတ်သက်၍ ရှင်းလင်းပြောကြားပါတယ်။
အစီအစဉ် (၉) အရ ကျောင်းမတည်အလှူရှင် ဒေါ်သန်းသန်းချို မှ ကျောင်းတော်ဖြစ်မြောက်ရေးနဲ့ ပတ်သက်၍ ၀ိုင်းဝန်းအားပေးလှူဒါန်းကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
အစီအစဉ် (၁၀) အရ အသင်းအမှုဆောင် ဦးလှစိုး မှ အသင်းအမှုဆောင်များကိုယ်စား ကျေးဇူးတင် ၀မ်းမြောက်ဖွယ် စကားပြောကြားခဲ့ပါတယ်။
အစီအစဉ် (၁၁) အရ အသင်းဥက္ကဋ္ဌ ဆရာတော်ထံမှ ရေစက်သွန်းချ အမျှပေးဝေခဲ့ပါတယ်။
အစီအစဉ် (၁၂) အရ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြပါတယ်။
အလှူရှင် မိသားစုများအားလုံး ရွှင်လန်းချမ်းမြေ့စွာဖြင့် အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းနဲ့ အထူးပင် ကျေးဇူးတင် ၀မ်းမြောက်ပါကြောင်း မှတ်တမ်းတင်အပ် ပါတယ်။

ကထိန်လျာသင်္ကန်းကပ်လျှုပွဲ(၀၄.၁၁.၂၀၁၂)မှတ်တမ်းရုပ်ပုံလွှာ



































Tuesday, October 16, 2012

ကထိန်လျာ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် အလှူငွေ လှူဒါန်းပွဲ

ဂျာမဏီနိုင်ငံ၊ ဖရန့်ဖို့မြို့၊ ဗုဒ္ဓသာသနရံသီ ဘုန်းတော်ကြီးကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် ဆရာတော်နှင့် ပင့်သံဃာတော် အရှင်မြတ် (၅) ပါးတို့အား ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ နှင့် ဗုဒ္ဓသာသနရံသီ ဘုန်းတော်ကြီးကျောင်း ဖြစ်မြောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတို့ကို ဖော်ပြပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနှင့် အသင်းမိသားစုများ ကြွရောက်ကြည်ညို ကုသိုလ်ယူကြပါရန် ခင်မင်သော စိတ်ထား ဖြင့် ဖိတ်ကြားအပ်ပါသည်။
ဆရာတော်များနှင့် သင့်လျှော်မည့် အသုံးအဆောင်များကိုလည်း မိမိတို့ အစီအစဉ်ဖြင့် လှူဒါန်းပူဇော်နိုင်ကြ ပါသည်။
အလှူရှင် ဒေါက်တာ အေးနိုင် + ဒေါ်သန်းသန်းချို မိသားစု၊ ဒေါ်ခင်သန်းနွယ် (ဒေါ်နွယ်) သား - ကိုဇင် မိသားစု၊ ဦးကြည်ဝင်း + ဒေါ်လင်းလင်းလက် (မငယ်) မိသားစု တို့မှ ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ် များအား ဆွမ်းခဲဖွယ် ဘောဇဉ်များဖြင့် တည်ခင်းဧည့်ခံ လှူဒါန်းမည်ဖြစ်ပါသည်။
 
ဗုဒ္ဓသာသနရံသီ အသင်း
 
ကျင်းပမည့်နေရက်။      ။ ၀၄. ၁၁. ၂၀၁၂ ရက်၊ တနင်္ဂနွေနေ့
ကျင်းပမည့်အချိန်  ။      ။ နံနက် ၁၀း ၀၀ နာရီမှ ညနေ ၄း ၀၀ နာရီအထိ
ကျင်းပမည့်နေရာ  ။      ။ Saalbau Bornheim
                                 Arnsburger Str 24,
                                 60385, Frankfurt

Sunday, October 14, 2012

မွေးနေပွဲ အမှတ်တရမှတ်တမ်းဓါတ်ပုံ အပိုင်း(၂)

                                     မွေးနေ့ရှင် ဦးဇင်း မွေးနေ့ကိတ်လှီးနေပုံ
                                     အမြဲတမ်း တက်တက်ကြွကြွ ကိုစိုးဝင်းသန်း
                                     သာသနရံသီ၏ စူပါ အဖွဲ့

















                                    စန္ဒာ ကတော့ရိုးရာမပျက်  ပါခင်ဗျာ့






                                     ကိုဇော်  ဦးဇင်း နဲ့ဘာညှိနေလဲမသိဘူး




                                    ကိုအောင်ကြီး မှ အလျှုငွေ အားလုံးကိုဆက်ကပ်နေပုံ

                                    မွေးနေ့ကိတ်အလျှုရှင် ဦးသိန်းယု နှင့် ဒေါ်ချစ်